Thursday 15 May 2014

ဈေးအလွန်ချိုသွားသော လက်တော့တစ်လုံး အကြောင်း (၂)

အဲဂလိုနဲ့ ရောင်းတဲ့သူကို လှမ်းဆက်သွယ်ရတာပေါ့ခင်ဗျာ။ လုဟာကြီးကလော့ ပျက်နေဘီ။ ၀ဘီလိုလုပ်ရမီလဲ ဘာညာပေါ့။ အဲ့ကျတော့ သူကပြောတယ်ဗျ။ ဂျက်ပင်ကို ပြန်ထိုးကြည့်ပါတို့ ဘာတို့။ သိပ်မသင်ကာတော့ဘူးလေ။ ကုလားကတော့ ပညာပေးပြီလို့။ အဲဒါနဲ့ပဲ ဂူဂယ်ကြည့်လိုက်တယ်ဗျာ။ Acer Travel mate 3260 manual ဆိုတော့ ဖိုင်တခုရပါတယ်။ အဲဒါလေးကို ဖတ်ကြည့်တော့ ဂျက်ပင်က ကဒ်ကလေးသီးသန့်ပေါ့။ ဘေးကတွဲတထားပေတာကိုး အောက်က ပုံမျိုးလေးပါ။ 

ဒီထက်ကံကောင်းချင်တာက ကျနော့်မှာ အဲဒီကဒ်လေးရှိနေတာပါပဲ။ Daughter Card လို့ ခေါ်ပါတယ်။ သူ့မှာက ပါဝါခလုတ်ပါတယ်။ ဂျက်ပင်ပါတယ်။ USB ၂ပေါက်ပါပါတယ်။ သူက ဘယ်ဖက်အစွန်က ဆော့ကက်လေးနဲ့ မားသားဘုတ်မှာ ဆက်သွယ်တပ်ဆင်ထားတာပါ။ ကဒ်မှာ စာရေးလိုက်တာကတော့ နောက်မှပါ။  အဲဒီကဒ်များပျက်နေမလားပေါ့။ အဲဒီအချိန်မှာပဲ ကျနော်လည်း မရကြောင်း ပိုင်ရှင်ကို ထပ်ပြောတော့သူက ပြင်ကြည့်မယ်ဆိုရင် ဒေါ်လာ၂၀ လျှော့ပေးပါဦးမယ်တဲ့။ ဖွင့်ပြီးတော့ လုပ်ကြည့်မယ်ပေါ့လေ စိတ်ထဲက တွေးပြီး မက်ဆေ့ပြန်ပို့လိုက်တယ်။ ပြင်ဖို့ မပြင်ဖို့ နက်ဖြန်မှ ပြောမယ်လို့။ အဲဒါနဲ့ မူလီတွေ စဖြုတ်ပါပြီဗျာ။
လက်တော့ ပြင်မယ့်သူက Antistatic ring ဆိုတာ ၀တ်ဆင်သင့်ပါတယ်။ ဒါက တည်ငြိမ်လျှပ်စစ်ကြောင့် ဆားကစ်လေးတွေ မပျက်အောင်ပါ။ ကျနော့်မှာက မရှိဘူးဗျ။ မရှိရင်  ဘယ်လိုလုပ်မလဲဆိုတော့ အကိုင်အတွယ် သတိထားရင် ဖြစ်ပါတယ်။ အတွင်းက ဆားကစ်တွေကို ကိုင်တွယ်ရာမှာ သတ္တုအစိတ်အပိုင်းတွေကို လက်နဲ့ မထိစေရပါဘူး။ 

လက်တော့ အားလုံးမှာ တူညီတာတစ်ခုရှိပါတယ်။ ဖြုတ်မယ်ဆိုရင် ပထမဆုံး ချာဂျာကို ဖြုတ်ရပါတယ်။ နောက်မဟုတ်ရင် ပါဝါရှိနေမယ်လေ။ နောက်တော့ ဘက်ထရီကို ဖြုတ်ထားရပါတယ်။ ဘက်ထရီဖြုတ်တာက ကလစ်လေး၂ခု (သို့) တစ်ခု ပါပါတယ်။ အဲဒါလေးကို ဘေးတွန်းပြီး တွန်းထုတ်တာပါပဲ။ ပြီးရင် အတွင်းပိုင်းထိ ဖြုတ်မှာဖြစ်တဲ့အတွက် Harddisk ဖြုတ်ရပါတယ်။ သူ့ကို ပုံလေးနဲ့ ပြထားတယ်။ ပန်းကန်ပြားလေး၂ချပ်ထပ်ထားတဲ့ပုံလေးပါ။ ကာဗာသီးသန့်ရှိတတ်ပါတယ်။

ကျနော့် Harddisk က Sata အမျိုးအစားပါ။ ဆာတာကတော့ အများအားဖြင့် တည့်တည့်စွပ်ထားတာပါ။ တချို့မော်ဒယ်တွေမှာတော့ အပေါ်ဖက်ကို မပြီး ဖြုတ်လို့ရပါတယ်။ ဒီအလုံးမှာတော့ ဒီလိုမဟုတ်ပါဘူး။ ရိုးရိုးပါပဲ။ သတိပြုစရာက ထိပ်မှာ အထိန်းမူလီလေးပါတယ်။ သူ့ကိုဖြုတ်ပြီးမှ ဖြည်းဖြည်းလေး တွန်းထုတ်လိုက်တဲ့အခါ ဖြုတ်လို့ရသွားပါတယ်။ မန်မိုရီကဒ်ကတော့ မဖြုတ်လည်း ရပေမဲ့ ဖြုတ်လိုက်ပါတယ်။ သူလည်း သူ့အခန်းလေးနဲ့သူပါပဲ။ မူလီ၂လုံးကို ဖြုတ်ပြီးတော့ ကာဘာကို ခွာလိုက်ပါတယ်။ ကဒ်က တကဒ်ထဲကို ၂ဂစ်ဖြစ်လို့ ကဒ်ကို ဘေးကလစ်၂ခုကို ဘေးကို ပြိုင်တူတွန်းပြီးဖယ်လိုက်တာနဲ့ ထွက်သွားတာပါပဲ။ လက်ကို သတ္တုပိုင်းငုတ်လေးတွေကို မထိအောင် ကိုင်ပါတယ်။ ဘေးမှာ ချထားလိုက်တာပေါ့ဗျာ။



 အဲဂလိုဖြုတ်ပြီးတော့ အလွယ်နည်းက အောက်ဖက်မှာ ရှိသမျှ အပေါက်တွေက မူလီတွေ အကုန်ဖြုတ်ပေတော့ဗျို့။ ကျန်ခဲ့တာတစ်ခုက DVD ကို ဖြုတ်ရပါတယ်။ သူက နောက်ဖင်မှာ ပြထားတဲ့ မူလီလေးက ထိန်းထားတာပါ သူ့ကိုချွတ်ပြီးတော့ အတွင်းဖက်ကနေ တွန်းထုတ်လိုက်ရင် အချပ်လိုက်ကလေး ထွက်သွားတာပါပဲ။ အသေးစိတ်တော့ မရှင်းပြတော့ဘူးနော်။ နောက်တော့ ကီးဘုတ်ကာဘာခေါ်တာလေးကို ခွာရပါတယ်။ သူ့ကို ခွာဖို့တော့ မူလီ ၃လုံးဖြုတ်ရပါတယ်။



 ပြီးတော့မှ ကီးဘုတ်အထက်ဖက်က ပတ္တာချက်ကို ဖုံးထားတဲ့ ကော်ပြားလေးကို ခွာရတာပါ။ မခွာခင်မှာတော့ LCD ကို ၁၈၀ ဒီဂရီလောက်ထိအောင် ဖွင့်ချဖို့ လိုပါမယ်။ ကော်ပြားလေး မကျိုးဖို့တော့ သတိထားရတာပေါ့ဗျာ။ ပြီးတော့မှ ကီးဘုတ်ထိန်းတဲ့ မူလီ၃လုံးဖြုတ် ကီးဘုတ်ကိုမ၊ ပြီးတော့မှ အောက်က ကြိုးပြားလေးကို ဖြုတ်ရတာပါ။ သတိထားဖို့က ကြိုးပြားကို ထိန်းတဲ့ ကလစ်အမည်းလေးကို အထက်ဖက်ကို လက်သည်းနဲ့ လှန်တင်ပြီးမှ ကြိုးဖြုတ်ရတာပါ။ လက်တော့အားလုံး သဘောတရားတူပါတယ်။ ပြီးတော့ Touch Pad ကြိုးလေးပါဖြုတ်ပေါ့ဗျာ။ပြီးတော့ LCD ပါ ဖြုတ်ပစ်တာ ကောင်းပါတယ်။ LCD မှာ ကြိုးက ၂မျိုးပဲပါတယ်။ တချို့မော်ဒယ်တွေပိုများနိုင်ပါတယ်။ အဓိကက ပုံရိပ်ဖော်တဲ့ ကြိုး ဆော့ကက်လေးက ဘယ်ဖက်မှာပါ။ သူ့ကို ၀က်အူအပြားလေးနဲ့ ကလော်ချွတ်ရတယ်။ ၀ိုင်ဖိုင် အင်တင်နာကြိုးကတော့ ညာဖက်မှာပါ မြောင်းလေးထဲ ထည့်မြှုပ်ထားတော့ သတိထားပြီးတော့ ကြိုးကို မြောင်းပေါ်အရင်တင်ရတာပေါ့။ 

အောက်ဖက်က မူလီအကုန်ပြုတ်ရင် လက်တော့ကို ပြောင်းပြန်လှန်ပြီးတော့ အောက်ဖုံးကို ခွာလိုက်တယ်။ ၀ိုင်ဖိုင်ကြိုးက သေချာဖြုတ်ပစ်လိုက်ရင် LCD ဖြုတ်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ LCD ကတော့ ပတ္တာပေါ်က မူလီ ၂လုံးစီကို ဖြုတ်ပြီး ဖြည်းဖြည်းချင်း မထုတ်လိုက်ရင် ရပါပြီ။  အောက်က မူလီတွေ အကုန်ပြုတ်ပြီဆိုရင် ဖြည်းဖြည်းချင်း အပေါ်ကို မထုတ်တာပါပဲ။
 ပြီးတော့ မှ ခုနက ဂျက်ပင်ပါတဲ့ Daughter Card ကို ဖြုတ်တာပါ။ ကျနော့်ကဒ်ကိုလဲပြီးတော့ အားလုံးပြန် တပ်ဆင်လိုက်ပါတယ်။ 

အဲဒီကဒ်လေးကလည်း ဇာတ်လမ်းရှိတယ်ဗျ။ Acer Travel Mate 5583 ၂လုံးကို ဒေါ်လာ၃၀နဲ့ အရင်က ၀ယ်ထားတာ ရှိပါတယ်။ ရောင်းတဲ့သူက ကုလားတစ်ယောက်ပါပဲ။ အထဲက ဖြုတ်သိမ်းထားတာပေါ့ဗျာ။ အခုတော့ အသုံးတည့်သွားပါတယ်။ ကုလား ၂ယောက်ရဲ့ Acer ကြိုက်ပုံလေးက ထူးခြားနေတာပါပဲ။ ပြီးတော့ ပါဝါပြန်ဖွင့်တော့ ပန်ကာလေးက ၀ှီးကနဲလည်လာပါတယ်။ ဒါပေမဲ့ ဘာမှ ရုပ်မပေါ်တော့ပါဘူး။ ထူပူသွားတာပေါ့ဗျာ။ နောက်တော့ စဉ်းစားကြည့်တယ်။ လက်တော့တစ်လုံးမှာ ရုပ်မပေါ်လောက်အောင် ဘာတွေများဖြစ်နိုင်မလဲ။

Memory လွတ်သွားတာဖြစ်မှာပေါ့ဗျာ။ ဟဲဟဲ။ ဒါနဲ့ပဲ ပြန်ဖြုတ်ပြီးတော့ သေချာ ပြန်တပ်လိုက်တာ အဆင်ပြေသွားပါတယ်။ ပိုင်ရှင်ကုလားကြီးက ၂၀ပြန်ပြီးတော့ ငွေလွှဲပေးလိုက်တဲ့အခါကျတော့ မြန်မာငွေ ၃သောင်း ၈ထောင်လောက်ပဲ ကျသင့်တဲ့ လက်တော့ တစ်လုံး ရလိုက်ပါတယ်ခင်ဗျား။ အသိတယောက်က လိုချင်တာနဲ့ သူ့ကိုပဲ ၁၀၀နဲ့ ပြန်ရောင်းပေးလိုက်ပါကြောင်း။ အမြတ်ငွေကိုတော့ ဘုန်းကြီးကျောင်းကို လှူလိုက်ပါတယ်ဗျာ။ 

အားလုံးပဲ ကျန်းမာ ရွှင်လန်းကြပါစေ။ အသေးစိတ်ရေးလိုက်တော့ ပျင်းမှာစိုးလို့်ပါ။
 




No comments:

Post a Comment