Thursday 20 May 2010

ဘရူနိုင်းက ဆေးရုံ


သန့်ရှင်းလှပတဲ့ ဆေးရုံတစ်နေရာ


ဒီနေ့သိပ်နေမကောင်းလို့ ဆေးရုံသွားတယ်။ ဆေးရုံက ရန်ကုန်ဆေးရုံကြီးလောက်တော့ရှိမယ်ထင်တယ်။ ကားတွေအများကြီးပဲ။ စ၀င်ဝင်ချင်း အပေါက်မှာ အစောင့်တွေရှိတယ်။ မဆီမဆိုင် ရန်ကုန်ကို သတိရမိတယ်။ အစောင့်တွေက သားသားနားနားပဲ။ ဘယ်သူမှလည်း ပိုက်ဆံမတောင်းဘူးဗျ။ ဗမာပြည်ဆေးရုံနဲ့ ကွာတယ်နော်။ ရန်ကုန်တုန်းက ဆေးရုံမှာ သတင်းမေးတာနဲ့ လိုက်ပြပြီး ပေါ်တင် လက်ဖက်ရည်ဖိုးတောင်းတာ ကြုံဖူးပါတယ်။
အနံ့အသက်ကလည်း နံစော်မနေဘူး။ ၀င်လိုက်တာနဲ့ အဲကွန်းတွေကြောင့် အေးနေပါတယ်။ တစ်နေရာမှာ မှတ်ပုံတင်ရတယ်။ လူနာကတ် ပျောက်သွားတော့ အသစ်ပြန်လုပ်ပေးတယ်။ ၁၀ ဒေါ်လာပေးရပါတယ်။ မှတ်တမ်းတွေကို အခန်းကြီးနဲ့ အပြည့်ထားတာ။ ခဏလေးနဲ့ ပြန်ရှာနိုင်တယ်။
အားလုံးတန်းစီစံနစ်ပါ။ တိုကင်ပေးထားတယ်။ ထိုင်ခုံတွေအများကြီးပဲ။ တီဗီတွေလည်း ပြထားတယ်။ လမ်း၃၀ ဆေးခန်းထက်လည်း ကောင်းသလိုပဲ။ ထိုင်ခုံတွေများလို့ လူတိုင်းထိုင်လို့ရပါတယ်။ တိုကင်ကို အရောင်လေးတွေခွဲထားတယ်။ အ၀ါ၊ အစိမ်း စသဖြင့်ပါ။
ကိုယ့်နံပါတ်ပေါ်လာရင် အခန်းထဲသွားပေါ့နော်။ ဆီးစစ်ဖို့လိုရင် ဆီးပုလင်းပေးပါတယ်။ အိမ်သာကလည်း အရမ်းသန့်တယ်။ ပြီးတာနဲ့ ကြိုက်တဲ့ ၀န်ထမ်းကို ပေးလိုက်ရုံပါပဲ။ အဖြေက ချက်ချင်းသိရပါတယ်။ အားကျတယ်ဗျာ။ တကယ်တော့ သူတို့လည်း လူတွေပဲ။ မြန်မာပြည်ကိုလည်း သူတို့လို ဖြစ်စေချင်လိုက်တာ။
ဆရာဝန်က မြန်မာဖြစ်နေတယ်။ အဆင်ပြေတာပေါ့နော်။ စမ်းသပ်ပြီးတော့ ဆေးယူတဲ့ ကောင်တာမှာ စောင့်ရပါတယ်။ ပိုက်ဆံသွင်းတာ တစ်နေရာ။ ဒါပေမဲ့ နီးတယ်။ အတိအကျ ပြန်အမ်းပေးပါတယ်။ ပြီးတော့ ဆေးထုတ်။ သေချာ ရှင်းပြပေးတယ်ဗျ။

No comments:

Post a Comment